Thursday, May 10, 2012

နှလုံးသားထဲက အဖေ

ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်ဆစ်မှ
လူလားမြောက်သည်အထိ ရှာဖွေ ကျွေးမွေးခဲ့သော
ကျေးဇူးရှင် ဖေဖေ
ဆယ်နေပူပါစေ သားသမီးအတွက်ဆို
အသက်တောင်ပေးမယ့်
ကျေးဇူးရှင် ဖေဖေ

ပူပြင်းလို့ သူရဲ့ကျောပြင်ဟာ
ကွဲအက်ပါစေ
သားသမီးအတွက်ဆို
စိမ့်စမ်းရေလို အေးမြပါတယ်ဆိုတဲ့
ကျေးဇူးရှင် ဖေဖေ

မြင့်မြတ်လှတဲ့ နှလုံးသားပိုင်ရှင်
ကျေးဇူးရှင် ဖေဖေ.....။
 

Wednesday, May 9, 2012

နှလုံးသားထဲက အမေ

ပူလောင်မှုကင်း
အေးချမ်းခြင်းကို ဆောင်ကြဉ်းပေးတဲ့
 မွေးမေမေ
သန္ဓေတည်လို့ တစ်နေ့ သုံးခါ
ရှောင်လွှဲမရသော
သင်္ချီုင်းသို့ မျက်စောင်းထိုးနေ
မွေးမေမေ
ကိုးလလွယ်ကာ ဆယ်လဖွားလို့
အပြုံးမပျက် မငြီးငြူပဲ
မွေးဖွားသန့်စင်ပေးသော
မွေးမေမေ 
ဘယ်အရာနဲ့မှ တုနှိုင်းမရ
ကြီးမြတ်လှတဲ့
မွေးမေမေ
ဘုရားနဲ့တဂိုဏ်းတည်း မြတ်တဲ့
မွေးမေမေ
နှလုံးသားလှတဲ့
မွေးမေမေ..........။


Sunday, May 6, 2012

ကောင်မလေး

 ငါ့အချစ်တွေ မင်းဆီမှာ အကုန်ပါသွားပြီ
မင်းဆီက ချစ်တယ်ဆိုတဲ့ စကားလေးပဲကြားချင်ခဲ့တယ်
ဒါပေမယ့် ပိုင်ဆိုင်ဖို့အထိ မမျှော်လင့်ရဲခဲ့ပါဘူး
ချစ်နေရုံသက်သက်လေးပါ.....။
ရှင်းသန့်တဲ့ မင်းရဲ့မျက်နှာ
အပြုံးတု လှလှလေးအောက်မှာ 
ငါ့ရဲ့စွဲလန်းမှုတွေဟာ
အခုချိန်ထိ ထင်ကျန်နေဆဲပါ.....။
 


Saturday, May 5, 2012

မုဒိတာထားလေ ကုသိုလ်ပွားလေ


ကိုယ်ထက်သာသူအပေါ် ၀မ်းသာလျှင်
မုဒိတာဟူသော ကုသိုလ်ဖြစ်သည် ။
ကိုယ့်အောက်နိမ့်သူအပေါ်
သနားလျှင် ကရုဏာဟူသော ကုသိုလ်ဖြစ်သည်။
ကုသိုလ်ချင်းတူစေကာမူ မြန်မာအများစုသည်
ကရုဏာကုသိုလ်ကို ယူတတ်ကြသော်လည်း
မုဒိတာ ကုသိုလ်ကို မယူတတ်ကြပေ ။
မုဒိတာကုသိုလ်ကို မယူတတ်ခြင်းသည်
တွေးခေါ်မြော်မြင်မှုပညာ နည်းပါးခြင်းပင်ဖြစ်သည် ။
သေချာစဉ်စားကြည့်လျှင် ကရုဏာကုသိုလ်ဖြစ်ဖို့
အတွက် မိမိအိတ်ထဲမှ အနည်းနှင့်အများ
ကုန်ရတတ်သေး၏ ။
မုဒိတာကုသိုလ်အတွက်ကား ဘာမှကုန်စရာမလိုပေ ။
ဥစ္စာပစ္စည်းကုန်မှရသော ကုသိုလ်ကိုသာ
ယူတတ်ပြီး ဥစ္စာပစ္စည်း မကုန်ဘဲရသည့် ကုသိုလ်ကို
မယူတတ်ခြင်းသည် တွေးခေါ်မြော်မြင်မှုပညာ
ချို့တဲ့ခြင်းကြောင့်ပင်ဖြစ်သည် .....။

ဆရာတော်ကြီးများနှင့် ပညာရှင်တို့၏ အဆိုအမိန့်

မာနဆိုသော အရာ

ထောင်ထောင်လွှားလွှား
မော်မော် ကြွားကြွားလေး နေတာကို
မာန ခေါ်ကြတယ် ။
မနာဆိုတာ လေနဲ့တူတယ်
လေဆိုတာ လှုပ်ရှားနေတဲ့ သဘောရှိတယ် ။
မာနနဲ့ ရပ်တည်နေသူတွေဟာ
အနှစ်မရှိတဲ့ ကျူရိုးတွေလိုပါပဲ
မားမားရပ်နေတယ် ထင်ရပေမဲ့
တကယ်တော့ လှုပ်ရှားယိမ်းယိုင်
နေကြသူတွေပါ ။
အတွင်းမှာ အနှစ်ကင်းနေသူတွေပါ .....။


အဝေရာရာမ ရန်ကင်းဆရာတော် မှ တင်ပြထားသော

တစ်ဦးမေတ္တာ တစ်ဦးမှာ

မတူညီတဲ့နှစ်ခု ပေါင်းစပ်လို့ မရဘူးဆိုတာ ကျွန်တော်တော့ မယုံဘူးဗျာ.....တစ်ခုပဲကြည့်ပါ.......ကောင်းကင်နဲ့မြေကြီး တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ကွာခြားလဲ... ဒါပေမဲ့လည်း မာနကြီးတဲ့ကောင်းကင်ကြီးဟာ ခန္တီပါရမီနဲ့ ပြည့်စုံပါတယ်ဆိုတဲ့ မြေကြီးအတွက် အေးမြ တဲ့ မျက်ရည်မိုးတွေ သွန်းဖြိုးပေးတယ်.......ခန္တီပါရမီနဲ့ ပြည့်စုံတဲ့မြေကြီးဟာ ကောင်းကင်ကြီးအတွက် အပူနွေ့တွေ ထုတ်ပြီး အပေါ်သို့ ပို့ပေးလိုက်တယ်....အဲဒီနှစ်ခုပေါင်းစပ်ပြီး သဘာဝပတ်ဝန်ကျင်ကြီးကို စိမ်းလန်းစိုပြည်အောင် ဖန်တီးပေးကြတယ်......ဒါကြောင့် သူတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင် အမြဲတမ်းကြည့်ပြီး ပြုံးနေကြတယ်....သူတို့နှစ်ဦးရဲ့ အပြုံးတွေကို လူတွေ မသိကြဘူးဗျာ...

ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကြီးလှအောင် တစ်ဦးနဲ့တစ်ဦး အပြုံးလေးတွေ မေတ္တာတရားတွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးနိုင်ကြပါစေ.....................

စိတ်ထဲတွေ့တာ ရေးလိုက်တာ မှားတာရှိရင် တောင်းပန်ပါ၏

Friday, May 4, 2012

အသိနောက်မကျစေနဲ့


အရိပ်အောက်မှာ နေရချိန်က
                                       နွေနေကို ပူလောင်မှန်း မသိကြဘူး
အရိပ်ရဲ့ အေးမြမှုကို နားမလည်ကြဘူး
                    အရိပ်က ဖဲခွာသွားတော့မှ နားလည်ကြတယ်
မင်းတို့ . . . အဲဒီလို မဖြစ်ကြစေနဲ့ ။

အဝေရာရာမ ရန်ကင်းဆရာတော် မှ တင်ပြထားသော

နှိမ့်နှင့်နိမ့်

ကိုယ့်ကိုယ်ကို 
အမြဲ နှိမ့်ချပြီး နေပါ။ 
နိမ့်ကျအောင်တော့ 
ဘယ်တော့မှ မနေပါနဲ့ ။

kttlay

ယောက်မလိုလူ

ဆရာသမားကောင်းကို မှီရပါလျက်
ဆရာသမားကောင်း၏ အမူအကျင့်ကို
ရအောင် မယူနိုင်လျှင်
မွှေသာ မွှေနေရငြား
ဟင်း၏အရသာကို မခံစားရသော
ယောက်မလို လူစားဖြစ်တတ်တယ်။
တပည့်ညံ့ ဖြစ်တတ်တယ် ။ ။

* ယုံကြည်ချက်နဲ့ အလုပ်လုပ် *



အလုပ်လုပ်တဲ့ခါ
ထင်ပေါ်ကျော်ကြားလိုတဲ့ စိတ်နဲ့
ဘယ်တော့မှ မလုပ်နဲ့
ကောင်းတာလုပ်ရင်
ကောင်းကျိုးရလိမ့်မယ်ဆိုတဲ့
ယုံကြည်ချက်နဲ့ လုပ် ။
လိုချင်လို့ လုပ်တာမဟုတ်ရင်တောင်
လုပ်ရင်တော့ ရလာမှာပဲ ။


အဝေရာရာမ ရန်ကင်းဆရာတော်
အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တသြ၀ါတသိရီဘ၀ံသ