အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............
ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။
ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။
သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်..
သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃
ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို
ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက
လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။
အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့
သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက
မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။
ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။
၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။
အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။
အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က
တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ
တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…
" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ
အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင်
ပေးမတွေ့သင့်ဘူး.."
သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင်
တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။
ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*
တန်းဖိုးသိမှ တန်ဖိုးရှိတယ်...
တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...
တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....
အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ.....
ပို့စ်တစ်ခု ကော်ပီလေးပါ
Thursday, June 28, 2012
Friday, June 22, 2012
နိုင်ငံကြီးသားစိတ်ဓါတ်
လူအများစုပါးစပ်ဖျားတွင် နိုင်ငံကြီးသားပီသစမ်းပါကွာ ဟု အကြာခဏ ပြောဆိုလေ့ရှိကြသည်။ ပါးစပ်းဖျားတွင် တွင် နိုင်ငံကြီးသားဆိုသည့်စကားကို အလွယ်ပြောဆိုကြနေကြသည်။ သို့သော် နိုင်ငံကြီးသားဆိုသည့် အဓိပ္ပါယ်ကို ဂဃနဏပြောဆိုရှင်းပြနိုင်သူကား ရှား၏။ ထို့ထက်ပင် နိုင်ငံကြီးသားစိတ်ဓါတ်ရှိသူ အလွန်နည်း၏။
နိုင်ငံကြီးသားဟူသည်ကား လူသန်းထောင်ချီနေထိုင်သောနိုင်ငံတို့တွင် နေထိုင်သူများကို
ပြောဆိုခြင်း မဟုတ်။ ချမ်းသာကြွယ်ဝသော နိုင်ငံကြီးတို့တွင် နေထိုင်သူများကို ပြောဆိုခြင်း လည်းမဟုတ်။ ဧရိယာစတုရန်းမိုင်းပေါင်းများစွာ ကျယ်ဝန်းသော နိုင်ငံတို့တွင် နေထိုင်သူများလည်း မဟုတ်။ ထိုသို့မဟုတ်လျှင် မည်သူတို့ကို နိုင်ငံကြီးသားဟု ဆိုကြလေမည်နည်း။
အကြမ်းအားဖြင့်ဆိုရလျှု နိုင်ငံကြီးသားဟူသည် ဥပဒေကိုတန်ဖိုးထားလေးစားပြီး စည်းကမ်း လိုက်နာသူများကို နိုင်ငံကြီးသားဟု ဆိုကြလေသည်။ ဒီမိုကရေစီထွန်းကားသော တိုင်းပြည်များတွင် စည်းကမ်းကို တန်ဖိုးထားလေးစားလိုက်နာကြရသည်။ နိုင်ငံကြီးသားတိုင်းသည် စည်းကမ်းနှင့်ပြောဆို သည်။ စည်းကမ်းနှင့်အညီ စားသောက်သည်။ စည်းကမ်းနှင့်အညီ သွားလာနေထိုင်လေ့ ရှိကြ သည်။ နိုင်ငံကြီးသားတိုင်းသည် မည်သည့်အမှုကိစ္စတို့ကို ဆောင်ရွက်လုပ်ကိုင်သည်ဖြစ်စေ စည်းလွတ်၊ ကမ်းလွတ် လုပ်ကိုင်ဆောင်ရွက်လေ့ မရှိချေ။ အရာရာတိုင်းတွင် ဥပဒေဘောင်အတွင်းမှ စည်းကမ်း တကျဆောင်ရွက်လေ့ရှိကြသည်။
ယနေ့အချိန်သည်ကား ကျွန်ုပ်တို့နိုင်ငံတွင် ဒီမိုကရေစီကို အုတ်မြစ်ချပြီးဖြစ်သည့်အလျောက် လူတိုင်းသည်လည်း နိုင်ငံကြီးသားစိတ်ဓါတ်ကို အပြည့်အ၀မွေးမြူထားရှိသင့်ပြီဖြစ်သည်။ စည်းကမ်းရှိစွာ ပြုမူပြောဆိုခြင်း၊ စည်းကမ်းရှိစွာနေထိုင်ခြင်း၊ စည်းကမ်းရှိစွာ သွားလာခြင်းစသော နိုင်ငံကြီးသားစိတ်ဓါတ်ကို အခြေခံထားရှိသင့်ပေသည်။ အထူးသဖြင့် စိတ်ကောင်း စေတနာမွေးမြူသင့်သည်။ စိတ်ကောင်းစေတနာလည်းရှိ၊ စည်းကမ်းလည်း လိုက်နာမည် ဆိုလျှင် အကောင်းဆုံးဖြစ်ပါသည်။
သို့သော်လည်း လူအချို့သည် အမှိုက်မပစ်ရဆိုသည်ကို အမှိုက်ပစ်ခြင်း၊ လူကူးမျဉ်းကျားမှ လမ်းဖြတ်ကူးပါဆိုလျှင်အလွယ်လမ်းကူးခြင်း၊ ဆေးလိပ်မသောက်ရဆိုသည့်နေရာတွင် ဆေးလိပ်
သောက်နေခြင်း၊ ကွမ်းတံတွေးမထွေးရဆိုသည့်နေရာတွင် ကွမ်းတံတွေးများထွေးခြင်း ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရပေသည်။ အထူးသဖြင့် လမ်းမပေါ်တွင် အမှိုက်သရိုက်များနှင့် ကွမ်းတံတွေးကွက် များသည် မြို့ပြ၏ အလှအပကို အရုပ်ဆိုးအကျည်းတန်စေသည်။
အချို့သောသူများမှ အမှိုက်သရိုက် ကြွပ်ကြွပ်အိတ်များကို လမ်းများပေါ်တွင် စည်းကမ်းမဲ့စွာ စွန့်ပစ်ရုံမက မိမိတို့နေထိုင်ရာ နေအိမ်ခြံဝင်းများ၊ ဈေးဆိုင်များမှာပင် အမှိုက်ပုံးဖြင့် စနစ်တကျ စွန့်ပစ်ခြင်း မရှိဘဲ တွေ့ရာနေရာများတွင် ပစ်ချနေကြဆဲဖြစ်သည်။ ထိုအပြုအမှုများသည် နိုင်ငံကြီးသား စိတ်ဓါတ်မရှိသည်ကို မိမိကိုယ်တိုင် သတိချပ်သင့်ပြီဖြစ်သည်။
ခေတ်မီတိုးတက်သည့် နိုင်ငံတိုင်းတွင် လူတိုင်းသည် စည်းကမ်းလိုက်နာကြရသည်။ မိမိ၏စည်းကမ်းမဲ့ ခြင်းကြောင့် တစ်ပါးသူများအား ထိခိုက်စေမည့် အပြုအမှုများ မပြုလုပ်သင့်တော့ပေ။ အားလုံးသည် စည်းနှင့်ကမ်းနှင့် လိုက်နာကျင့်သုံးရမည့်ခေတ်သို့ ရောက်ရှိလာပြီဖြစ်သည်။
ယနေ့အခါ နိုင်ငံတွင် ခေတ်စနစ်ပြောင်းနေပြီဖြစ်ရာ ခေတ်စနစ်ပြောင်းလဲသည်နှင့်အမျှ နိုင်ငံသား အားလုံးသည် စိတ်ဓါတ်များပါ လိုက်ပါပြောင်းလဲကြရပေမည်။ ဒီမိုကရေစီခေတ်တွင် လူတိုင်း၏အနိမ့်ဆုံး တာဝန်သည် စည်းကမ်းလိုက်နာခြင်းပင်ဖြစ်၏။ ထို့ကြောင့် လူတိုင်းသည် နိုင်ငံကြီးသားစိတ်ဓါတ်နှင့်အညီ ကျင့်ကြံနေထိုင်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်.........။

မြန်မာ့အလင်း
အယ်ဒီတာ အာဘော်
2012 ခုနှစ်၊ ဇွန်လ 21 ရက်
Friday, June 15, 2012
သူငယ်ချင်းသို့
ခဏတွေ့ရ ဒို့ဘ၀ဟာ
ကြင်နာရိုင်းပင်း ကူညီခြင်းနှင့်
ဖြူစင်စိတ်ထား အမြဲပွားပြီး
နေကြရမည်.....သူငယ်ချင်း
တနေ့တချိန် ပြောင်းသွားတာ
ဒို့တစ်တွေဟာ အမြဲထာဝရ
အတူတကွ နေချင်သော်လည်း
ခွဲရမည်မှာ ဧကန်မလွဲ
ဓမ္မတာပဲ.....သူငယ်ချင်း.........။
Subscribe to:
Comments (Atom)